နောက်နေတဲ့ရေကို အရေးပေါ် သဘာဝသောက်ရေသန့်ဖြစ်အောင် စစ်နည်း

ဒီနည်းက အရမ်းကို လွယ်ကူတဲ့အပြင် ရေ ကို အတော်လေး သန့်စင်ပြီးသား ဖြစ်စေပါတယ်။ “ထမင်း အသက် ခုနစ်ရက်၊ ရေ အသက် တစ်မနက်” ပါ။

မသန့်ရှင်းတဲ့ ရေ တွေကို သောက်မိမယ်ဆိုရင် ဘက်တီးရီးယားပိုး တွေ ပါလာနိုင်တယ်။အမှိုက်သရိုက် တွေ၊ တိရစ္ဆာန်တွေရဲ့ အမှုန်အမွှားတွေ

ပါလာနိုင်ပါတယ်။ ညစ်ပတ်တဲ့ ရေ တွေကြောင့် အစာအိမ် က အလုပ် ကောင်းကောင်း မလုပ်နိုင်ဘဲ ဝမ်းလျှောပြန်တော့ ဒုက္ခတွေက ပိုများလာနိုင်ပါသေးတယ်။

ခရီး သွားရင်း ဖြစ်ဖြစ်၊ မတော်တဆ လမ်းခရီးမှာ ဒုက္ခကြုံလို့ ဖြစ်ဖြစ် အရေးပေါ် သောက်ရေ၊ သုံးရေ လိုအပ်လာတဲ့အခါ ရေသန့် ရရှိအောင် ပြုလုပ်နည်းကို

ဗဟုသုတ တစ်ခုအဖြစ် သိထားသင့်တယ် ထင်ပါတယ်။ပလပ်စတစ် ရေသန့်ဘူး အခွံ တစ်လုံး ရှိဖို့တော့ လိုပါတယ်။ ပြီးရင် ရေသန့်ဘူး ကို အလယ်ကနေ

ထက်ဝက်ပိုင်းလိုက်ပါ။ ပုလင်းအဝနဲ့ အပိုင်းကို ရေစ စ်လုပ်မှာ ဖြစ်ပြီး အောက်က ဘူးခွံ ကိုတော့ ရေသန့်ထည့်မှာ ဖြစ်ပါတယ်။

ရေစစ် ပြုလုပ်နည်း

ရေသန့်ဘူး အဖုံးကို အပေါက်သေးသေးတစ်ပေါက် ဖောက်ပါ။ ဘူးကို ကတော့လို ဖြစ်သွားအောင် ဇောက်ထိုး ထားထားပါ။

မှာ ရေညှိ ရှိလား ကြည့်ပြီး ကတော့ ထဲကို လက်တစ်ဆုပ်စာလောက် ထည့်ထားလိုက်ပါ။ မြက်ပင်စိမ်းစိမ်း တွေ ရှိလည်း နုတ်ယူပြီး ထည့်လို့ ရပါတယ်။ မြေကြီး ပေါ်က သဲကို ထပ်ထည့်ပါ။

နောက်ပြီး မီးသွေးမှုန့် ရှိရင် ထည့်ပါ။ အပေါ်ကနေ ကျောက်စရစ်ခဲ အနည်းငယ် တစ်လွှာ ထည့်ပါ။ အထဲမှာ သေချာ သိပ်သိပ်လေးဖြစ်အောင် ဖိပေးလိုက်ပါ။

အပေါ်က ပုံထဲကလို အလွှာ လေးတွေနဲ့ ကတော့လေး ရပြီဆိုရင် ရေစစ်ကြည့်လို့ ရပါပြီ။စမ်းချောင်း လျှိုမြောင် တွေထဲကို ကျတဲ့ရေက ဒီလိုပဲ မြက်ပင် တွေ၊ ကျောက်စရစ်ခဲ နဲ့ သဲမှုန့် တွေကို

ဖြတ်သန်းပြီး စီးဆင်းသွားတဲ့ ရေတွေပါပဲ။ ချောင်းထဲ၊ အိုင်ထဲမှာ ရေ က အနည်ထိုင်သွားတာကြောင့် ရေကြည်ကြည်လေး ဖြစ်နေတာပါ။

ရေစစ်နည်း

စီးဆင်းနေတဲ့ ရေရှင်ရေ ဆိုရင် သောက်သုံးလို့ ရတဲ့ရေလို့ ဆိုကြပါတယ်။ ချောင်းတွေ၊ မြစ်တွေလို ရေရှင် မဟုတ်ဘဲ ရေအိုင် ထဲက ရေ ဆိုရင်တော့ အနည်းဆုံး ဒီလိုလေး စစ်ပြီး သောက်တဲ့အခါ

စိတ်ထဲလည်း အတော်လေး သန့်သွား၊ စိတ်ချသွားရမယ် ထင်ပါတယ်။ သောက်မယ့် ရေ ကို ခပ်ပြီးတဲ့အခါ အဝတ်အပိုင်းစလေးနဲ့ အရင်စစ်ချလိုက်ပါ။

ပြီးရင် ဖြတ်ထားတဲ့ ဘူးခွံ ကို အောက်ကနေ ကို ခံထားပြီး ရေစစ် ကတော့ထဲကို ရေ လောင်းထည့်လိုက်ပါ။ တစ်ဆင့်ချင်းဆီ ဖြတ်ပြီး ကျလာတဲ့ရေက တော်တော်လေး သန့်နေပါလိမ့်မယ်။

မြက်ပင်၊ သဲ နဲ့ ကျောက်စရစ်ခဲ တွေ ထည့်ထားတဲ့ အလွှာ ကြီးလေလေ၊ ရေ ကို ပိုစစ်ချပေးနိုင်လေ ဖြစ်ပါတယ်။

ကျိုချက်နည်း

ရလာတဲ့ရေ ကို ကျိုချက်ပြီး သောက်သုံးရုံပါပဲ။ ရေကို ပွက်ပွက်ဆူတဲ့အထိ ကျိုချက်ပေးပါ။ ထည့်ကျိုစရာ ခွက်၊ အိုး မရှိဘူးဆိုရင် ဒီပလပ်စတစ် သောက်ရေဘူး နဲ့ ကျိုချက်လို့ ရပါတယ်။

ပလပ်စတစ်ဘူးက မီးပူကို ခံနိုင်ပြီး ရေပွက်တဲ့အထိ ထည့်ကျိုနိုင်ပါတယ်။ ဒီဘူးနဲ့ ကျိုတာတော့ အရေးပေါ် အဖြစ်သာ သုံးပါ။ ပလပ်စတစ်ဘူး နဲ့ ကျိုတာက ရေရှည်သောက်သုံးဖို့ ကျန်းမာရေးအတွက် မသင့်လျော်ပါဘူး။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*