
အသက်ကြီးလာလျှင် အခါးစားဖို့… ဘာကြောင့်လိုအပ်လဲ

လူတို့တွင် အားနှစ်မျိုး လိုအပ်သည်။ အသက်ရှည်ရန် အတွက် အားရှိဖို့ လိုသည်။ ထိုအား နှစ်မျိုးမှာ ”သွေးအား” နှင့် ”လေအား” တို့ ဖြစ်သည်။ ဓာတ်သဘော အားဖြင့်ဆို လျှင် သွေးသည်

အာပေါ ဓာတ်ဖြစ်ပြီး လေသည် ဝါယော ဓာတ်ဖြစ်သည်။ ဆန့်ကျင်ဘက် ဓာတ်နှစ်မျိုး ဖြစ်သည်။ သို့သော် ထို ဆန့် ကျင်ဘက်နှစ်မျိုး ပေါင်းစပ်ကာ သွေးဟူသော အာပေါ ဓာတ်ကို ခန္ဓာကိုယ် အနှံ့သို့ ရောက်အောင် ဝါယောဓာတ် က တွန်းပို့လျက် ရှိပေသည်။

ဆန့်ကျင် ဘက်နှစ်ခု ပေါင်းလျှင် အကျိုး ရှိသည်ကို ခန္ဓာ ကိုယ်တွင်းက သက်သေပြလျက် ရှိပေသည်။ အသက်ကြီး လာသော အခါ သွေးအားယုတ် လာသည်ဟု ပြောစမှတ် ပြုကြသည်။

အမှန်က သွေးက ခန္ဓာကိုယ် အတွင်းတွင် အပြည့်ရှိ လျက်ပင်။ သွေးကို တွန်းပို့ပေးမည့် ဝါယောဓာတ်က အားယုတ်လာခြင်းကြောင့် အားနည်းလာခြင်း ဖြစ်သည်။

သွေးထောက်ပံ့မှု မရောက်ရှိသော လက္ခဏာကို အစွန် အဖျား နေရာများမှ ပြသည်။ ဦးခေါင်းငယ် ထိပ်တွင် ဆံပင်များ ကျွတ်ပြီး ပြန်မပေါက်တော့ သောကြောင့် ထိပ်ပြောင် လာသည်။ ခြေထောက် ရှိခြေသန်း၊ ခြေသူကြွယ် ခြေချောင်း ကလေးများတွင် ခြေသည်းများ အက်ကွဲ လာ သည်။

ဖနောင့် အရေပြားများတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ် လာသည်ကို တွေ့ရမည် ဖြစ်သည် လယ်များတွင် ပက်ကြားအက်သကဲ့သို့ ကိုယ်ခန္ဓာ အရေပြားတွင် အက်ကွဲ ရာများ ပေါ်လာသည်ကို တွေ့ရမည် ဖြစ်သည်။

အသက်ကြီးလာလျှင် လေဆက်စေရန် အခါး စားပေးရမည် ဟု ရှေးလူကြီး များက ဆိုသည်။ အခါးဆိုရာတွင်လည်း နှစ်မျိုးရှိသည်။

”ပူခါး” နှင့် ”အေးခါး” ဟူ၍ အာယု ဗေဒ ဆေးကျမ်းများတွင် တမာအခါးကို လည်းကောင်း၊ မုရားကြီးရွက် အခါးကိုလည်းကောင်း၊ တောင်မရိုး အခါး ကိုလည်းကောင်း ဝါး၍လျှာဖြင့် စမ်းသပ် ကြည့်သော အခါ ”အပူခါး” အရသာကို တွေ့ရမည် ဖြစ်သည်။

တမာအခါးကား ပိုးကိုနိုင်သည်။ တောင်မရိုးအခါးကား အဖျား ကို နိုင်သည်။ မုရားကြီးရွက် အခါးကား ပန်းနာချောင်းဆိုး နှင့် အဆုတ်နာ ရောဂါ အမျိုးမျိုး တို့ကို နိုင်သည်ဟု ကျမ်းက ဆိုသည်။

ခွေးတောက်ရွက် သည်လည်း ပူခါးမျိုး ဖြစ်သည်။ လူကြီးများတွင် ဖြစ်သော အညောင်းများသည့် ပါဒရက်ရောဂါ အမျိုးမျိုးကို နိုင်သဖြင့် ခွေးတောက်ရွက် ဟင်းချိုကို ကြက်ရိုးဖြင့်ချက်၍ ရှေးက ဆရာကြီးများက ဓာတ်စာ ပေးသည်ကို တွေ့ရဖူးသည်။

စာရေးသူတို့ မိဘ များသည် ကျေးဇူးရှင် ဗန်းမော် ဆရာတော်ကြီး စာဝါချ၍ အညောင်း အကိုက်များသည့်အခါတိုင်း ချက်၍ဆက်ကပ် ရသည်ကို အမှတ် ရဖူး သည်။

ရှေးကလူကြီးများသည် လက်ဖက် စစ်စစ်ကို နှမ်းဆီဖြင့်စိမ်ပြီး နေ့လယ်ထမင်းစားပြီး တိုင်း နည်းနည်းစီ စားပေးကြသည်။

လူကြီးများအတွက် လေဆက်ပြီး အသက်ရှည်စေသော ဆေးဖြစ်သည်ဟု ဆိုသည်။ လက်ဖက်သည် အေးခါးအရသာ ဖြစ်သဖြင့်

ပူခါးအရသာ ဖြစ်သွားအောင် နှမ်းဆီဖြင့် စိမ်စားခြင်း ဖြစ်သည် အသက်ရာကျော် ရှည်သော ဘိုးဘွားများသည် ဤ ဓာတ်စာကို စားခဲ့ကြသည်ဟု မှတ်သား ရဖူးပါသည်…

”လေမသက် အနေခက်၊ လေမစုန်ငွေကုန်” ဟု ရှေးလူကြီးများ ပြောကြသည်။ လူကြီးများ အတွက် ကျန်းမာရေးမှာ လေက အရေးအကြီးဆုံး ဖြစ်သည်ဟု ဆိုသည်။

လေလည်ခြင်း ကို ရှက်စရာဟု ယူဆကြသော်လည်း လေလည် နေသည့် လူကြီးများမှာကျန်းမာနေသည်ကို တွေ့ရပေသည်။

ဆေးပညာ အရလည်း အသက် (၆၅) နှစ်ကျော်လျှင် လေအရွယ် ရောက်ပြီဖြစ်သဖြင့် လေဆက်မည့် ဓာတ်စာများ စားပေးသင့်ကြောင်း တင်ပြလိုက် ရပါသည်။

Crd

Be the first to comment

Leave a Reply

Your email address will not be published.


*