
“လူ့ဘဝ၏အောင်မြင်တိုးတက်ခြင်းသို့ သွားရာ… လှေကား (၃၀)”

၁။ ကတိအပေး နည်းပါစေ။

၂။ အမှန်ကို အမြဲ ပြောပါ။

၃။ မိတ်ကောင်းဆွေကောင်း ထားရှိပါ။

၄။ သူတစ်ပါး မကောင်းကြောင်း ဘယ်အခါမှ မပြောနှင့်။

၅။ မိမိဝင်ငွေနှင့် လောက်ငှအောင် သုံးစွဲ ပါ။

၆။ မိမိ၏ ဘယ်လုပ်ငန်းတွင်မဆို ကျွမ်းကျင်မှု ရှိပါစ။

၇။ မူးယစ်စေသည့် အရာများ ကို ရှောင်ကြဉ်ပါ။

၈။ သဒ္ဓါမရောက်မီ တရားမျှတမှု ရှိပါစေ။

၉။ လောင်းကစားမှုကို လုံးဝ ရှောင်ကြဉ်ပါ။

၁၀။ လျှို့ဝှက်သင့်သည်ကို မပေါက်ကြားပါ စေနှင့်။

၁၁။ အကျင့်စာရိတ္တ ကောင်းမွန်ခြင်းသည်သာ ဘဝ၏ အောင်မြင်တိုးတက်ခြင်းကို ဖြစ်စေသည်။

၁၂။ တတ်နိုင်ပါက ချေးငှားမှုအား ဘယ်သောအခါမှ မပြု ပါနှင့်။

၁၃။ သင်၏ ပျော်ရွှင်ချမ်းမြေ့ခြင်းသည် သင့်၏ ကျေနပ်မှုနှင့် လုပ်ငန်းအပေါ်မှာ မူတည် ပါလိမ့်မယ်။

၁၄။ ကြွယ်ဝချမ်းသာမှုကို ဆောင်ရွက်ရာတွင် အလောသုံးဆယ် မပြုလုပ်သင့်။

၁၅။ သူတစ်ပါးအား ပြောဆိုရန်ရှိလျှင် ထိုသူ့မျက်နှာကို ကြည့်၍ ပြောပါ။

၁၆။ မယားတစ်ယောက်ကို လုပ်ကျွေးနိုင်မှ ထိမ်းမြားမင်္ဂလာ ပြုသင့် ရာသည်။

၁၇။ ကြီးလာသည့်အခါ သုံးစွဲနိုင်ရန် ငယ်ရွယ်စဉ်က ချွေတာစုဆောင်း ရာ၏။

၁၈။ အပေါ်ယံသာယာမှုကို ကြည့်၍ အပျော်အပါးများအား မလိုက်စား သင့်။

၁၉။ သူတစ်ပါးတို့အား ကူညီရာတွင် ကဲ့ရဲ့ ပြစ်တင် ရှုတ်ချမှုကို ဂရုမစိုက်သင့်။

၂၀။ ကောင်းသောစိတ်ထားခြင်း၊ ကောင်းသောစကား ဆိုခြင်းသည် မွန်မြတ်ခြင်းဖြစ်၏။

၂၁။ မှန်မှန်ကန်ကန်နှင့် ကြိုးစားမှုကြောင့် တိုးတက်ခြင်းသည် ထိုက်တန်အောင်မြင်ခြင်းဖြစ်၏။

၂၂။ ညအိပ်ယာဝင်သည့်အခါ တစ်နေ့တာ လုပ်ဆောင်ခဲ့သမျှကို ပြန်လည် သုံးသပ်ခြင်းသည် နောက်နေ့ လုပ်ဆောင်ရမည့် အလုပ်အတွက် တိကျမှုကို ဖြစ်စေ၏။

၂၃။ သင့်အပြုအမူ ဆောင်ရွက်ချက်မှလွဲ၍ သင့် အကျင့်စာရိတ္တကို ထိခိုက်စေမည့် အကြောင်း မရှိနိင်။

၂၄။ အလုပ်တစ်ခုကို စဉ်းစားဆုံးဖြတ် သုံးသပ်ပြီးမှ အကောင်အထည် ဖော်ရာ၏။

၂၅။ အလုပ်နှင့် ဘယ်အခါမှ ကင်းကွားမှု မဖြစ်စေပဲ လက်များကို ညအကျိုးရှိစွာအသုံးချပါ။

၂၆။ ကိုယ့်အကျိုးသာ ကြည့်ပြီး သူတစ်ပါးအကျိုး မကြည့်သော သူများအား မိတ်ဆွေအဖြစ် မပြုသင့်။

၂၇။ အကျင့်စရိုက် ကြမ်းတမ်းသူများနှင့် အတူတကွ မနေသင့်။

၂၈။ သြဇာအာဏာ ရှိသူသော်ငြားလည်း ယုတ်မာရက်စက် လူမဆန်သူများနှင့် ဝေးဝေး နေသင့်၏။

၂၉။ သူတော်မဟုတ် သူယုတ်တို့နှင့် ကင်းကင်းနေက ကိုယ်စိတ်နှစ်ဖြာ ချမ်းသာ ရ၏။

၃၀။ ကိုယ့်အကျိုး သူ့အကျိုး မျှမျှတတ ဆောင်ရွက်ငြားက မိတ်ကောင်းသဟာ ပေါကြွယ် ပါ၏။

#Credit/ထာဝရအလင်းတန်းများ #ခွန်သူရိန်မင်း (လမ်းပြကြယ်)

Be the first to comment

Leave a Reply

Your email address will not be published.


*