
ယောက်ျားတိုင်းက လေးအဖေ ဖြစ်နိုင်တယ်… ဒါပေမယ့် ယောက်ျားတိုင်း ဖခင်ကောင်းတစ်ယောက်တော့ မဖြစ်နိုင်ပါဘူး

သားသမီး မွေးနေ့ကို မသိတဲ့သူ သားသမီးတက်နေတဲ့အတန်းကို မသိတဲ့သူ သားသမီးက ဘာကြိုက်တတ်လဲ မသိတဲ့သူ သားသမီးကိုနားဝင်အောင် ဘယ်လိုဆုံးမရမလဲ မသိတဲ့သူ

သားသမီးအနာဂတ်အတွက် ဘာအစီအစဉ်မှ မရှိတဲ့သူ ဘယ်သူလို့ ထင်ပါသလဲ….ကလေးတွေအတွက် အဖေလို့ နေရာယူထားတဲ့ တစ်ချို့သောသူတွေပေါ့ရှင်။

အိမ်ထောင်မကျသေးတဲ့ မိန်းကလေးတွေက အိမ်ထောင်ဖက်က ကိုယ့်ကို ချစ်နေရင်ပြီးရောထင်တတ်ကြတယ်။ အိမ်ထောင်ကျနေတဲ့ မိန်းမတွေကတော

အိမ်ထောင်ဖက်က စီးပွားရေး အဆင်ပြေရင် ပြီးရောထင်တတ်ကြတယ်။ သားသမီးတွေရှိနေတဲ့ မိသားစုတွေမှာတော အဖေ နေရာ ရှိနေရင်ပြီးရော လက်ခံထားကြပြန်ပါတယ်။

အဖေတော့ အဖေပါပဲ ရှိလည်းမထူး မရှိလည်းမထူးတဲ့ အဖေမျိုးလည်း ရှိပါတယ်ဆိုတာကို တော့မေ့နေတတ်ကြတယ်။

အဲဒီလိုဘာမှမသိတဲ့သူတွေဆီကသားသမီးနဲ့ ပတ်သက်လာရင်မင်းက အသုံးမကျတဲ့မိန်းမမင်းအသုံးမကျလို့ ဒီလို ဖြစ်တာလို့ပြောထွက်ရဲတဲ့ပါးစပ်ကြီးပါရှိနေရင်တော့

ဒီမိန်းမဘဝမှာ ဒေါသနဲ့ပဲ နေ့စဉ်ဖြတ်သန်းနေရတော့မယ်ပေါ့ရှင်။ ကလေးတယောက်ကို ဗိုက်ထဲမှာ ထည့်မွေးလိုက်လို့ ဒီကလေးနဲ့ ပတ်သက်လာရင် မိခင်ဖြစ်သူမှာသာ

၁၀၀ရာခိုင်နှုန်း တာဝန်ရှိတယ်လို့ အတ္တကြီးတဲ့ ပတ်ဝန်းကျင်မျိုးက လက်ခံထားတတ်ကြပါတယ်။ ငွေရှာပေးနေတာပဲမျက်နှာထားနဲ့ သားသမီးနဲ့ ပတ်သက်လို့

ဘာဆိုဘာမှ မသိတဲ့ ဖခင်မျိုးဟာ ဒီမိသားစုထဲမှာအသုံးမဝင်ပါဘူးလို့အမျိုးသမီးထု ကိုယ်စား ပြောပြချင်မိပါတယ်။ ဘာဖြစ်လို့လဲသိလား… သားသမီးဆိုတာ ဂရုစိုက်မှု နဲ့ ချစ်ခြင်းမေတ္တာ ရေလောင်းပေါင်းသင်မှ

ပျိုးပင်မှန်ပြီး ရှင်သန်ကြီးထွားခွင့်ရတဲ့ လူသားတွေမို့လို့ပါ။ သူတို့ဘဝမှာ ငါ့အဖေလို့တွေးလိုက်တာနဲ့ အိမ်မှာထိုင်ပြီး သူကြိုက်တာလုပ်နေတဲ့သူ တချိန်လုံး မျက်နှာသုန်မှုန်ပြီး အော်ဟစ် ငေါက်ငမ်းနေတဲ့သူ

အမေကို တချိန်လုံးဆူပူအပြစ်တင်နေတဲ့ ယောကျားကြီး လို့ ယူဆမိမယ့်အစား ငါ့ဘဝကို လုံခြုံမှုပေးမယ့်သူ ငါ့ကိုအချစ်ဆုံးယောကျား ငါ့အတွက် အရှေ့ကရပ်တည် ကာကွယ်ပေးမယ့်သူ ငါ့ရဲ့စံပြဆိုတာမျိုးပဲ ဖြစ်နေသင့်ပါတယ်။

သားတို့သမီးတို့ ဖေဖေကြောင့် မေမေတို့ ဒီလိုနေနိုင် စားနိုင်တာ ဆိုတာအပြင် သူငွေရှာနေတော့ သူ့ကို ကြောက်ရမယ်ဆိုတာကိုတော့ နုနယ်တဲ့ သားသမီးတွေလက်ခံနိုင်ဖို့ခဲယဉ်းလှပါတယ်။

အချိန်မရှိလို့ပါဆိုတဲ့ ဆင်ခြေနောက်မှာ သားသမီးလေး လူ့လောက ကို ရောက်လာတဲ့ နေ့ကို မေ့ပစ်ရမယ်လို့ မပါပါဘူး။ အလုပ်တွေများလို့ပါဆိုတဲ့ ဆင်ခြေနောက်မှာ ငါ့သားသမီးလေးတွေကြိုက်တတ်တဲ့ အရာကို

မလေ့လာလည်းရတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ စိတ်ရှုတ်နေလို့ပါဆိုတဲ့ ဆင်ခြေနောက်မှာ အိမ်က မိသားစုအပေါ် အပြစ်ရှာ ဆူပူနေဖို့ မလိုအပ်ပါဘူး။ တကယ်လို့ပေါ့လေ

မိန်းမတယောက်ဘဝမှာ ဒီလိုယောကျားတယောက်ကို သားသမီးတို့ရဲ့ဖခင်နေရာမှာ ထားထားမိတယ်ဆိုရင်တော့ သူ့အပေါ် ၁၀၀ရာခိုင်နှုန်း မှီခိုနေမယ့်အစား ကိုယ့်ရဲ့

စားဝတ်နေရေးကို ဖန်တီးနိုင်မယ့် လမ်းစတစ်ခု စစဉ်းစားထားလိုက်ပါတော့လို့ ကျွန်မတိုက်တွန်းမယ်။ ပတ်ဝန်းကျင်ကတော့ ဒီလိုလူကို မိသားစုဘဝ မပြိုကွဲရေးအတွက်အိမ်မှာရှိနေဖို့ လိုအပ်တယ်လို့

လက်ခံထားကြတယ်။ အိမ်ရှင်မအတွက်ကတော့ ဒီလိုလူကြောင့် ကိုယ့်အနာဂတ် မပြိုလဲဖို့ ကိုယ့်လမ်းကိုယ်ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ ကျွန်မအကြံပေးလိုက်ပါ့မယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*