
မြန်မာ့သမိုင်းတလျောက်မှာ မင်းလောင်းပေါ်ခါနီးလျှင် ထင်ရှား ပေါ်ပေါက်ခဲ့သော တဘောင်ကြီး (၅)ခု

တဘောင် ပေါ်သည့် အတိုင်းလည်း ထွက်ပေါ်ခဲ့ကြသည့် မင်းများမှာ…

၁။ ပုဂံခေတ် ( စီးချင်းထိုးလျက် မျိုးမင်းထွက် ပြည်တော် သာလိမ့်မယ်။) ထိုတဘောင် ပေါ်ပြီးနောက် အနော်ရထာ မင်းလောင်းသည် ဦးရီးတော် စုက္ကတေးမင်းနှင့် စီးချင်းထိုးခဲ့သည်။

စုက္ကတေးမင်းအား အနိူင် တိုက်ခိုက်ပြီးနောက် အနော်ရထာသည် ပုဂံပြည့်ရှင် ဖြစ်လာခဲ့သည်။ ထိုမင်းလက်ထက်တွင် သာသနာရောင်ဝါ ထွန်းလင်းပြီး ဆန်ရေစပါး ပေါများ ကာ ချမ်းသာကြွယ်ဝခဲ့သည်။

၂။ အင်းဝခေတ် (အင်းအိုင်ထဲက လူတစ်ယောက် မီးတောက်ကလေး ကိုင်လို့ပေါက်) ထို တဘောင် ပေါ်ပြီးနောက် သတိုးမင်းဖျားသည် ရှင်ဘုရင်ဖြစ်လာကာ

နန်းတော်ကို အင်းဝမြို့၌ တည်ခဲ့ သည်။ ထိုမင်းသည် လည်း နယ်ပယ် အများအပြားကို သိမ်းပိုက်ကာ ဘုန်းမီးနေလ တောက်ပ ခဲ့သည်။

၃။တောင်ငူခေတ် (အိုဘယ့်အမောင် ဆံရွေဆောင် နောက်လိုက်ဘုန်းခေါင် ပြောင်လိမ့်မယ်။) ထို တဘောင် ပေါ်ပြီးကြာသော် တောင်ငူမြို့တွင် မင်းကြီးညို မှ သားတော်တပါးမွေးဖွား လာလေသည်။

ထိုသားတော်၏ ဦးခေါင်းတွင် ရွေရောင်ဆံပင် တစ်မွေး ပါလာလေသည်။ နောင်သော် ထိုမင်းသားသည် တပင်ရွေထီး ဟု၍ တောင်ငူဘုရင် ဖြစ်လာလေသည်။

သို့သော်လည်း သက်တော်မရှည်ပဲ သူ၏ ယောက်ဖတော် ဘုရင့်နောင်က ထီးနန်းကို ဆက်ခံလေသည်။ ဘုရင့်နောင်လက်ထက်ရောက်သော် မြန်မာပြည်ကြီး ဘုန်းမီးနေလတောက်ပလေသည်။

၄။ ကုန်းဘောင်ခေတ် (ဖိုသုံးဖို တစ်ဖိုတောက်မည်) ထို တဘောင် ပေါ်ပြီး နောက် မုဆိုးဖို ရွာသူကြီးဦး အောင်ဇေယျသည် ပျက်ပြားနေသော မြန်မာပြည်ကြီးအား

လက်ရုံးရည် နှလုံးရည်ဖြင့် ပြန်လည် စုစည်းပြီးနောက် အလောင်းမင်းတရားဘွဲ့ဖြင့် ဘိသိတ်ခံ နန်းတက် လေသည်။

၅။ ယခုခေတ် (ပေါ်မလာသေး၍ စောင့်ကြည့်ရမည်) ၂၆၀၀ သာသနာ ဗုဒ္ဓရာဇာပေါ်လာမှာ စည်တော်ကြီးလည်း ဟီးလိမ့်မယ်။

ထို တဘောင်သည် ဗုဒ္ဓ သာသနာအား ကမ္ဘာတစ်ခွင် ဖြန့်ကျက် ထွန်းလင်းစေပြီး မြန်မာပြည်အားလည်း သာသနာတော်ကို နေတစ်ဆူ လတစ်ဆူလို ထင်ရှားစေမည့်သာသနာပြုမင်း ပေါ် မည်ဖြစ်သည်။

ထိုမင်းလက်ထက်တွင် တိုင်းပြည်သည် တိုးတက်ချမ်းသာကြွယ်ဝ လွန်းအားကြီးမည်။စည်ပင် သာယာလှပသော တိုင်းပြည်ဖြစ်မည်။

မူရင်းရေးသားသူအား ခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*