အမေရိကန် ပြတိုက်ရောက်နေတဲ့ မြန်မာပြည် မိုးကုတ်မြို့ 1920 နှစ်ကုန်ပိုင်းအချိန်တုန်းက စေတီပျက်တခုမှာ သိုက်တူးရင်းတွေ့ရှိခဲ့တဲ့ အဖိုးတန် ကြယ်ပတ္တမြား…

ျမန္မာႏိုင္ငံ မိုးကုတ္ၿမိဳ႕ 1920 ႏွစ္ကုန္ပိုင္းအခ်ိန္တုန္းက ေစတီပ်က္တခုမွာသိုက္တူးရင္းေတြ႕ရွိခဲ့တဲ့အဖိုးတန္ၾကယ္ပတၱျမားႀကီးကိုအခုေတာ့ နယူးေယာက္ၿမိဳ႕ရဲ႕ American National Museum of History ရဲ႕ပထမထပ္ေက်ာက္မ်က္ရတနာျပခန္းမွာေတြ႕ခဲ့ရပါၿပီ….

သမိုင္းအဆက္ဆက္မွာ ပိုင္ရွင္အဆက္ဆက္ေျပာင္းလဲပိုင္ဆိုင္ခဲ့ေပမယ့္ေနာက္ဆုံးဘာေၾကာင့္ အေမရိကန္ႏိုင္ငံရဲ႕သဘာဝသမိုင္းျပတိုက္မွာလႉဒါန္းျပသထားသလဲဆိုတာ အရမ္းစိတ္ဝင္စားဖို႔ေကာင္းတဲ့ ျဖစ္ရပ္ေတြပါပဲ….

ၾကယ္ပတၱျမားႀကီးမွာ အေလးခ်ိန္အားျဖင့္ 100.32ကာရတ္(20.064 gram) ရွိကာ ကမာၻ႔အေကာင္းဆုံးပတၱျမားႀကီး ျဖစ္ၿပီးတန္ဖိုးကိုေတာ့ေက်ာက္မ်က္ရတနာ ကြၽမ္းက်င္သူေတြ တန္ဖိုးမျဖတ္ႏိုင္ခဲ့ၾကပါဘူး….

မိုးကုတ္ၿမိဳ႕က ရွမ္းလူမ်ိဳးအဘိုးအိုနဲ႔အဘြားအို ပိုင္ဆိုင္ခဲ့တဲ့ပတၱျမားကိုရွမ္းေစာ္ဘြားဘုရင္မွလိုခ်င္တပ္မက္စိတ္နဲ႔မတရားရယူခဲ့ၿပီး

မေက်နပ္တဲ့ အဘိုးအိုနဲ႔အဘြားအိုက်ိန္စာတိုက္ခဲ့ရာမွ ေခတ္အဆက္ဆက္ ေျပာင္းလဲၿပီး

ေနာက္ဆုံးမွာအေမရိကန္ႏိုင္ငံမွာရွိတဲ့ Mrs Edith Haggin DeLong လက္ထဲေရာက္ရွိခဲ့ၿပီး ၾကယ္ပတၱျမားႀကီးက်ိန္စာရဲ႕ဆိုး႐ြားတဲ့ ျဖစ္ရပ္ေတြေၾကာင့္

1937 ခုႏွစ္မွာ American National museum of history အား တန္ဖိုးျဖတ္မရတဲ့ ၾကယ္ပတၱျမားႀကီးကိုလႉဒါန္းလိုက္ၿပီး Delong star ruby လို႔အမည္တြင္ခဲ့ပါတယ္…

ပတၱျမားေတြအမ်ားႀကီးကိုေတြ႕ဖူးေပမယ့္ဒီပတၱျမားႀကီးကို ကိုယ္ေတြ႕အျပင္မွာ ေတြ႕ခဲ့ရေတာ့ ၾကက္သီးထၿပီး ရင္ထဲဆို႔နစ္ခဲ့ရပါတယ္….

လွလိုက္တာလည္း ၾကယ္ေျခာက္ေထာင့္ ေဂၚႀကိဳး၆ႀကိဳးအျပည့္ပါဝင္ၿပီး ညီညာေတာက္ပကာအေရာင္ေတာ္ေတာ္စိုပါတယ္….

ေက်ာက္သားေအာင္းဝင္ inclusion ပါဝင္မႈ မရွိသေလာက္နည္းပါးၿပီး ကမာၻမွာေနာက္တလုံးထပ္မေတြ႕ႏိုင္ဘူးဆိုတာ တကယ္ယုံၾကည္သြားပါတယ္….

Cut ,Clarity, Color, Carat 4Cs နဲ႔ျပည့္စုံၿပီး ေျပာစရာစကားမရွိေအာင္ အံ့ၾသခဲ့ရပါတယ္….

29 ေအာက္တိုဘာလ 1964 ခုႏွစ္မွာေတာ့ ကမာၻေက်ာ္ေက်ာက္မ်က္ရတနာခိုးမႈႀကီးျဖစ္ပြားခဲ့ၿပီး ၾကယ္ပတၱျမားႀကီး တႏွစ္ေက်ာ္ခန႔္ေပ်ာက္ဆုံးခဲ့ျပန္ပါတယ္….

သူခိုးကအဖမ္းခံရၿပီးၾကယ္ပတၱျမားႀကီးကဆက္ၿပီးေပ်ာက္ဆုံးခဲ့တာပါ…..

2 စက္တင္ဘာလ 1965 ခုႏွစ္မွာေတာ့ ဖေလာ္ရီဒါျပည္နယ္ရွိ သူေဌးႀကီး John D .Mac Arthur က ၾကယ္ပတၱျမားႀကီးကိုျပန္လည္ေတြ႕ရွိသူထံက ျပန္လည္ဝယ္ယူခဲ့ၿပီး မူလေနရာမွာပဲျပန္လည္ျပသထားခဲ့ပါတယ္….

ၾကယ္ပတၱျမားႀကီးအေၾကာင္းစိတ္ဝင္စားလို႔ အေသးစိတ္သိခ်င္ရင္ Wikipedia မွာရွိပါတယ္….

အေသးစိတ္ေတြ ေရးရင္အရမ္းရွည္ေနမွာရယ္ ေရးေနရင္းၾကက္သီးထေနတာရယ္ေၾကာင့္ ဒီေလာက္နဲ႔ပဲ ရပ္ပါမယ္ရွင္….

ကိုယ္တိုင္ အေမရိကန္ထုတ္သတင္းစာအေဟာင္းေတြက အစပတၱျမားႀကီးအေၾကာင္းေသခ်ာရွာဖတ္ခဲ့ရတာမလို႔ စာအေရးအသားအမွားပါခဲ့လွ်င္ခြင့္လႊတ္ေပးပါရွင္…..

မူရင္း Htet Htet ေရးသားထားသည္ကို ျပန္လည္မွ်ေဝပါသည္။
ေလးစားစြာျဖင့္

Crd…

Zawgyi

မြန်မာနိုင်ငံ မိုးကုတ်မြို့ 1920 နှစ်ကုန်ပိုင်းအချိန်တုန်းက စေတီပျက်တခုမှာသိုက်တူးရင်းတွေ့ရှိခဲ့တဲ့အဖိုးတန်ကြယ်ပတ္တမြားကြီးကိုအခုတော့ နယူးယောက်မြို့ရဲ့ American National Museum of History ရဲ့ပထမထပ်ကျောက်မျက်ရတနာပြခန်းမှာတွေ့ခဲ့ရပါပြီ….

သမိုင်းအဆက်ဆက်မှာ ပိုင်ရှင်အဆက်ဆက်ပြောင်းလဲပိုင်ဆိုင်ခဲ့ပေမယ့်နောက်ဆုံးဘာကြောင့် အမေရိကန်နိုင်ငံရဲ့သဘာဝသမိုင်းပြတိုက်မှာလှူဒါန်းပြသထားသလဲဆိုတာ အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ ဖြစ်ရပ်တွေပါပဲ….

ကြယ်ပတ္တမြားကြီးမှာ အလေးချိန်အားဖြင့် 100.32ကာရတ်(20.064 gram) ရှိကာ ကမ္ဘာ့အကောင်းဆုံးပတ္တမြားကြီး ဖြစ်ပြီးတန်ဖိုးကိုတော့ကျောက်မျက်ရတနာ ကျွမ်းကျင်သူတွေ တန်ဖိုးမဖြတ်နိုင်ခဲ့ကြပါဘူး….

မိုးကုတ်မြို့က ရှမ်းလူမျိုးအဘိုးအိုနဲ့အဘွားအို ပိုင်ဆိုင်ခဲ့တဲ့ပတ္တမြားကိုရှမ်းစော်ဘွားဘုရင်မှလိုချင်တပ်မက်စိတ်နဲ့မတရားရယူခဲ့ပြီး

မကျေနပ်တဲ့ အဘိုးအိုနဲ့အဘွားအိုကျိန်စာတိုက်ခဲ့ရာမှ ခေတ်အဆက်ဆက် ပြောင်းလဲပြီး

နောက်ဆုံးမှာအမေရိကန်နိုင်ငံမှာရှိတဲ့ Mrs Edith Haggin DeLong လက်ထဲရောက်ရှိခဲ့ပြီး ကြယ်ပတ္တမြားကြီးကျိန်စာရဲ့ဆိုးရွားတဲ့ ဖြစ်ရပ်တွေကြောင့်

1937 ခုနှစ်မှာ American National museum of history အား တန်ဖိုးဖြတ်မရတဲ့ ကြယ်ပတ္တမြားကြီးကိုလှူဒါန်းလိုက်ပြီး Delong star ruby လို့အမည်တွင်ခဲ့ပါတယ်…

ပတ္တမြားတွေအများကြီးကိုတွေ့ဖူးပေမယ့်ဒီပတ္တမြားကြီးကို ကိုယ်တွေ့အပြင်မှာ တွေ့ခဲ့ရတော့ ကြက်သီးထပြီး ရင်ထဲဆို့နစ်ခဲ့ရပါတယ်….

လှလိုက်တာလည်း ကြယ်ခြောက်ထောင့် ဂေါ်ကြိုး၆ကြိုးအပြည့်ပါဝင်ပြီး ညီညာတောက်ပကာအရောင်တော်တော်စိုပါတယ်….

ကျောက်သားအောင်းဝင် inclusion ပါဝင်မှု မရှိသလောက်နည်းပါးပြီး ကမ္ဘာမှာနောက်တလုံးထပ်မတွေ့နိုင်ဘူးဆိုတာ တကယ်ယုံကြည်သွားပါတယ်….

Cut ,Clarity, Color, Carat 4Cs နဲ့ပြည့်စုံပြီး ပြောစရာစကားမရှိအောင် အံ့သြခဲ့ရပါတယ်….

29 အောက်တိုဘာလ 1964 ခုနှစ်မှာတော့ ကမ္ဘာကျော်ကျောက်မျက်ရတနာခိုးမှုကြီးဖြစ်ပွားခဲ့ပြီး ကြယ်ပတ္တမြားကြီး တနှစ်ကျော်ခန့်ပျောက်ဆုံးခဲ့ပြန်ပါတယ်….

သူခိုးကအဖမ်းခံရပြီးကြယ်ပတ္တမြားကြီးကဆက်ပြီးပျောက်ဆုံးခဲ့တာပါ…..

2 စက်တင်ဘာလ 1965 ခုနှစ်မှာတော့ ဖလော်ရီဒါပြည်နယ်ရှိ သူဌေးကြီး John D .Mac Arthur က ကြယ်ပတ္တမြားကြီးကိုပြန်လည်တွေ့ရှိသူထံက ပြန်လည်ဝယ်ယူခဲ့ပြီး မူလနေရာမှာပဲပြန်လည်ပြသထားခဲ့ပါတယ်….

ကြယ်ပတ္တမြားကြီးအကြောင်းစိတ်ဝင်စားလို့ အသေးစိတ်သိချင်ရင် Wikipedia မှာရှိပါတယ်….

အသေးစိတ်တွေ ရေးရင်အရမ်းရှည်နေမှာရယ် ရေးနေရင်းကြက်သီးထနေတာရယ်ကြောင့် ဒီလောက်နဲ့ပဲ ရပ်ပါမယ်ရှင်….

ကိုယ်တိုင် အမေရိကန်ထုတ်သတင်းစာအဟောင်းတွေက အစပတ္တမြားကြီးအကြောင်းသေချာရှာဖတ်ခဲ့ရတာမလို့ စာအရေးအသားအမှားပါခဲ့လျှင်ခွင့်လွှတ်ပေးပါရှင်…..

မူရင်း Htet Htet ရေးသားထားသည်ကို ပြန်လည်မျှဝေပါသည်။
လေးစားစွာဖြင့်

Crd…


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *