စွန့်ပစ်ထားသည့် ပုလင်းတွေကို ၁၅ နှစ်အကြာစုဆောင်းကာ…ထူးခြားသော နှစ်ထပ်အိမ်ကြီးကို ဆောက်လုပ်နေသည့် အမျိုးသား…






crd

Zawgyi

စွန့်ပစ်ထားသည့် ပုလင်းတွေကို ၁၅ နှစ်အကြာစုဆောင်းကာ ထူးခြားသော နှစ်ထပ်အိမ်ကြီးကို ဆောက်လုပ်နေသည့် အမျိုးသား

ဗီယက်နမ်နိုင်ငံမှ အသက် ၄၇နှစ်အရွယ် အမျိုးသားကြီးတစ်ဦးသည် ဆောက်လုပ်ရေးသမားဖြစ်ကာ အိမ်ထောင်ကျပြီးသည်နှင့် အိမ်ကောင်းကောင်းလေးတစ်လုံးဆောက်လုပ်ရန် ရည်ရွယ်ထားရာ ဒေသတွင်းရှိ စားသောက်ဆိုင်များမှ အသုံးပြုပြီးသား ပုလင်းတွေကို စွန့်ပစ်နေတာတွေ့ပြီး သူ့အတွက် အကြံတစ်ခုပေါ်လာစေခဲ့သည်။

အမျိုးသားကြီးသည် အလုပ်သိမ်းတာနဲ့ နေ့စဉ် လမ်းဘေးအမှိုက်ပုံးတွေမှာ ပုလင်းခွံလေးတွေကို လိုက်ကောက်ပြီး အိမ်သို့ယူပြန်ကာ သေချာဆေးကြောသန့်စင်ပြီးနောက် သူ့စိတ်ကူးထဲရှိသည့်အတိုင်း ပုလင်းခွံလေးတွေနဲ့ အိမ်သစ်တစ်လုံးကို စတင် ဆောက်လုပ်ခဲ့သည်။

အမျိုးသားကြီးသည် ၁၅နှစ်ကြာသည်ထိ သူ့ရဲ့ကိုယ်ပိုင်ဒီဇိုင်းနဲ့ ဆောက်လုပ်ထားသော အိမ်ကြီးမှာ မပြီးစီးသေးသည့်အတွက် ပုလင်းခွံလေးတွေကို လိုက်ကောက်နေဆဲဖြစ်ပြီး အိမ်ရဲ့နံရံကိုတော့ ပုလင်းပေါင်း၁၂၀၀၀ကျော်ဖြင့် ဆောက်လုပ်ထားပြီးဖြစ်သည်။

အမျိုးသားကြီးသည် ပုလင်းခွံတွေနဲ့ အိမ်ကိုဆောက်လုပ်ရခြင်းမှာ အလင်းကောင်းကောင်းရရှိနိုင်ပြီး ပူအိုက်သောရာသီတွင် အေးမြဓာတ်ပေးသလို ဆောင်းရာသီမှာလည်း လေလုံပိတ်ထားသည့်အတွက် နွေးထွေးမှုကိုရရှိစေသည့်အပြင် ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ထိန်းသိမ်းလိုသည့်အတွက်ကြောင့်ဟု ဆိုခဲ့သည်။

crd


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *