Category: အေထြ ေထြဗဟုသုတ

  • ဆွမ်းတော်စွန့်ပြီး စားမိလျှင် အပြစ်ရှိပါသလား? (ကျော်မသွားဘဲဖတ်ကြည့်)

    ဆွမ်းတော်စွန့်ပြီး စားမိလျှင် အပြစ်ရှိပါသလား? (ကျော်မသွားဘဲဖတ်ကြည့်)

    ဆွမ်းတော်စွန့်ပြီး စားမိလျှင် အပြစ်ရှိပါသလား? (ကျော်မသွားဘဲဖတ်ကြည့်) (မေး)အရှင်ဘုရား၊ တပည့်တော်တို့ိ မိသားစု သည် နေ့စဉ် ထမင်းဟင်းနှင့် ရလာသမျှသော ခဲဘွယ်ဘောဇဉ်တို့ကို ဦးဦးဖျားဖျား ဆွမ်းတော် တင်ပြီးမှ စွန့်သည့်အခါ စားသောက်ခဲ့ ကြသည်မှာ နှစ်များစွာပင်ရှိပါပြီ။ ဗုဒ္ဓဝေယျာဝစ္စ ပြုကြသူများမှာ ဇနီးနှင့်သမီးများသာ ဖြစ်ကြ၍ ကျန်လူများ အပြစ်ဖြစ်နေကြောင်း သိရှိရသဖြင့် များစွာ တုန်လှုပ် မိပါ သည်။ မည်သည့် အကြောင်းကြောင့် အပြစ်ဖြစ် ရသည် ကို၎င်း၊ ထိုအပြစ်များ ပပျောက်အောင် မည်သို့ဆောင်ရွက်ရမည်ကို၎င်း၊ ရှင်းလင်းည ွှန်ကြားပေးပ ါဘုရား။ ( ဖြေ )ရာဇဝင်တွင် ပုဂံပြည် အနော်ရထာမင်းက မနူဟာမင်းအား ဘုန်းကံနိမ့်စေရန် သင်ပုတ်ပလ္လင်တွင် စွန့်ပြီးသော ဆွမ်းတော်တင်ကို မနောလင်ပန်း၌ ထည့်၍ ကျွေးသည် ဟူသော […]

  • ခြင်ဆေး ၊ ခြင်ရိုက်ဘတ်တံတောင် လုံး၀မလိုတော့တဲ့အထိ ၁၀၀ရာခိုင်နှုန်း အာမခံနိုင်တဲ့ သဘာ၀ခြင်ပြေးနည်း

    ခြင်ဆေး ၊ ခြင်ရိုက်ဘတ်တံတောင် လုံး၀မလိုတော့တဲ့အထိ ၁၀၀ရာခိုင်နှုန်း အာမခံနိုင်တဲ့ သဘာ၀ခြင်ပြေးနည်း

    ပြောပြချင်လွန်းလို့ပါ…..(ဆရာလုပ်ခြင်းမဟုတ်ပါ) တခြားအိမ်တွေတော့မပြောတတ်ဘူးပေါ့နော် ကျွန်တော့်အိမ်တော့အထပ်မြင့်ဆိုပေမယ့် ခြင်အရမ်းလာပါတယ် အပင်တွေကလည်းစိုက်တော့ခြင်ကအောင်းတယ်လေ ခြင်ဆေးဖျန်းဖို့ထွန်းဖို့ဆိုရင်လည်း အသက်ရှုကျပ်တတ်လို့ တခါတခါခြင်ရိုက်ဘတ်တံနဲ့ပဲနှစ်ပါးသွားရပါတယ် ခုတော့တော်တော်ကိုအဆင်ပြေသွားပါပြီ “စပါးလင်” မုန့်ဟင်းခါးထဲထည့်ချက်, ဟင်းထဲထည့်ချက်ဖို့ပဲသိခဲ့တာ ခြင်တကယ်ပြေးမှန်းခုမှသိတာ စပါးလင် ငါးရာဖိုးလောက်ဝယ်ပြီး အရိုးခြောက်အခွံခြောက်တဲ့အပိုင်းတွေဖယ်ထုတ်ဖြတ်ပြီး ရေတစ်ဖန်ခွက်လေးငါးဆယ်ချောင်းလောက်ထည့်ပြီးရေစိမ် အခန်းဒေါင့်လေးတွေမှာချထားလိုက်တာ သိသိသာသာခြင်တွေမတွေ့ရတော့တာပါပဲ ကျွန်တော့်လိုခြင်ဆေးနံ့မခံနိုင်တဲ့သူအတွက်တော်တော်ကိုအဆင်ပြေပါတယ် ထပ်ခါထပ်ခါလည်းဝယ်နေစရာမလို ရေလေးပဲမကြာမကြာလဲပေးလိုက်ရင် သူကအမြစ်တွေထွက်လာတဲ့အထိဆက်ရှင်နေမှာပါ ကလေးငယ်ရှိတဲ့အိမ်တွေပိုအဆင်ပြေမယ်ထင်ပါတယ် ခြင်တွေတကယ်ပြေးလို့ ခုတော့ကျွန်တော်ပျော်နေပြီ အားလုံးကိုလည်းဝေမျှချင်တဲ့စေတနာနဲ့ပို့စ်တင်ရေးပေးတာပါနော် အရမ်းကိုတတ်သိနားလည်နေလို့မဟုတ်ပါဘူးရှင့်……. (ခြင်ဆေးကြော်ငြာတစ်ခုမှာ စပါးလင်ဖြင့်ထုတ်လုပ်ထားခြင်းကိုတွေ့လို့စမ်းကြည့်လိုက်တာ) Credit to Mirror (gardening Myanmar) Zawgyi ပြောပြချင်လွန်းလို့ပါ…..(ဆရာလုပ်ခြင်းမဟုတ်ပါ) တခြားအိမ်တွေတော့မပြောတတ်ဘူးပေါ့နော် ကျွန်တော့်အိမ်တော့အထပ်မြင့်ဆိုပေမယ့် ခြင်အရမ်းလာပါတယ် အပင်တွေကလည်းစိုက်တော့ခြင်ကအောင်းတယ်လေ ခြင်ဆေးဖျန်းဖို့ထွန်းဖို့ဆိုရင်လည်း အသက်ရှုကျပ်တတ်လို့ တခါတခါခြင်ရိုက်ဘတ်တံနဲ့ပဲနှစ်ပါးသွားရပါတယ် ခုတော့တော်တော်ကိုအဆင်ပြေသွားပါပြီ “စပါးလင်” မုန့်ဟင်းခါးထဲထည့်ချက်, ဟင်းထဲထည့်ချက်ဖို့ပဲသိခဲ့တာ ခြင်တကယ်ပြေးမှန်းခုမှသိတာ စပါးလင် ငါးရာဖိုးလောက်ဝယ်ပြီး အရိုးခြောက်အခွံခြောက်တဲ့အပိုင်းတွေဖယ်ထုတ်ဖြတ်ပြီး ရေတစ်ဖန်ခွက်လေးငါးဆယ်ချောင်းလောက်ထည့်ပြီးရေစိမ် အခန်းဒေါင့်လေးတွေမှာချထားလိုက်တာ သိသိသာသာခြင်တွေမတွေ့ရတော့တာပါပဲ […]

  • အပျို (၃) မျိုး … အပျိုဆိုတာ ဘာကို ခေါ်တာပါလဲ …

    အပျို (၃) မျိုး … အပျိုဆိုတာ ဘာကို ခေါ်တာပါလဲ …

    အပျို (၃) မျိုး … အပျို (၁) အပျိုဆိုတာ ဘာကို ခေါ်တာပါလဲ။ အားလုံးလည်း သိကြမှာပါ ။ အပျို ဆိုတာ အိမ်ထောင် မရှိသေးတဲ့သူ၊ တရားဝင် လက်မထပ် ရသေးတဲ့ မိန်းကလေးဟာ အပျိုပါပဲ။ အိမ်ထောင်မရှိဘူး ၊ လက်မထပ် ရသေးဘူး ဆိုပေမဲ့ ချစ်သူလဲ ရှိခဲ့ဖူးချင် ရှိခဲ့ဖူးလိမ့်မယ်။ ချစ်သူ ရှိတယ် ဆိုတဲ့ နေရာမှာတောင် သမီးရည်းစား ဆိုတဲ့ အခြေအနေတွေထက် ကျော်လွန်ခဲ့ရင်လဲ ကျော်လွန်ခဲ့မယ်။ ဒါကို ကိုယ်တိုင်ကပဲ သိပါလိမ့်မယ်။ ဒါပေမဲ့ အားလုံး အမြင်မှာ သူမဟာ အပျိုပါပဲ။ ဒါကို အပျို လို့ခေါ်ပါတယ်။ ဒီအပျိုဆိုတဲ့ စာရင်းထဲမှာ လက်မထပ်ရသေးတဲ့ အမျိုးသမီး အားလုံး ပါဝင်နေပါတယ် […]

  • “သစ်မင်း၏ အစွမ်းထက်ပုံကို ဗဟုသုတအဖြစ် မျှဝေပါတယ်”

    “သစ်မင်း၏ အစွမ်းထက်ပုံကို ဗဟုသုတအဖြစ် မျှဝေပါတယ်”

    သိမိသမျှ ဗဟုသုတပါ။သစ်တို့ရဲ့ဘုရင်မို့ရရှိသူတွေသိမ်းဆည်းကြပါတယ်။တောတောင်ကြီးတွေမှာသာပေါက်တတ်ပြီး။ မကောင်းတဲ့ သစ်ဆိုး၊သစ်တောက်သစ်မျက်များနဲ့ သစ်ဘီလူး။ သစ်စုန်းတွေကိုနိုင်တယ်ယုံလို့ ဆောင်ထားတတ်ကြပါတယ်။အချို့လည်းအိမ်မှာစိုက်ပျိုးကြပါတယ်။ဆေးအသုံးအဖြစ်ဗိုက်အောင့်ဗိုက်နာလေထိုးလေအောင့်ဖြစ်ပါကနနွင်းမှုန့် ဆား သစ်မင်းခေါက်ကိုသွေးလိမ်းပေးပါကသက်သာပျောက်ကင်းပါသည်။ အချို့အနာပြည်တည်ရောင်ရမ်းနေပါကသစ်မင်းရွက်ကိုထုချေပြီးအုံခြင်းပြုပါကအမြန်ပင်ပြည်ထွက်ပြီအသားနုတက်ပါသည်။သစ်မင်းဘယ်လိုအသုံးပြုတာလဲဆိုတာကိုမဟာမြိုင်တော၊ပလ္လင်တောင်ကဘရသေ.ရှင်ပညာဒီပကိုမေးလျောက်မိတော့ဒကာတဲ့ဒုတ္တာရေထဲဆားအနည်းငယ်ထည့်ပြီးသစ်မင်းကို ၁နာရီစိမ်ပြီးမှသုံးရင်ပိုအစွမ်းထက်တယ်လို့မိန့်ပါတယ်။   ဒုတ္တာရေနဲ့စိမ်ပြီးတဲ့သစ်မင်းကို ကျောက်ပျဉ်မှာရေကျဲကျဲ နဲ့များများလေးသွေးပြီးသစ်နဲ့ပတ်သက်တဲ့လူအသုံးအဆောင်၊ အိမ်၊အဆောက်အဦတွေကိုမကြာခဏပက်ဖျန်းခြင်းပြုကြတယ်ဆိုတာကိုမိန့်ပါတယ်။ယုံသူတို့ လိုသလိုဆောင်ရွတ်နိုင်စေဖို့ မေတ္တာရည်ကာတင်ပြလိုက်ပါတယ်။ဂုဏ်တော်(၉)ပါး ရွတ်ပြီးသွေးပါကပိုစွမ်းပါကြောင်း။မနောမယဂျာနယ်မှာသစ်တို့အရှင်သစ်မင်းသခင်စာမူရေးခဲ့ပြီးဖြစ်ပါတယ်။ (ရဲမျိုးသူ ဗောဓိမြိုင်) ” သစ်‌မင်‌်း ပုံပါ ” သစ်‌ဆိုးဝါးဆိုး‌တွေကိုနိုင်‌နင်‌းတယ်‌လို့ ဆိုပါတယ်‌။ အိမ်‌‌တွေမှာ သစ်‌ဆိုတာမပါမဖြစ်‌ပါ။သစ်‌ဝါး‌တွေဆိုတာကလည်‌း တောမှာ‌ပေါက်‌ကြတယ်‌။အချို့သစ်‌ဝါး‌တွေကအန္တရာယ်‌ဖြစ်‌‌စေတတ်‌တဲ့ ကမ္မစိဒ္ဓိရှင်‌‌တွေရဲ့အရိပ်‌အ‌ငွေ့‌တွေပါလာတတ်‌ကြပါတယ်‌။အဲလိုသစ်‌ဝါးမျိုးနဲ့ ‌ဆောက်‌မိရင်‌အဲဒီအိမ်‌မှာ‌နေကြသူများအတွက်‌ မ‌ကောင်‌း‌တော့ပါဘူး။ပြဿနာဖြစ်‌တာများလာပါတယ်‌။ သတိပြုမိရင်‌ညည‌တောက်‌‌ခေါက်‌သံလိုမျိုးကြာရတတ်‌ပါတယ်‌။ဒါကတကယ်‌ပါလက်‌သမား‌တွေသိကြပါတယ်‌။ကဲဒီအခါဘယ် ‌သစ်‌ဝါးကမ‌ကောင်‌းဆိုးဝါးသ‌ဘောပါ‌နေတာလဲ။ ဘယ်‌လိုသိမလဲသစ်‌‌ခြောက်‌လို့လည်‌း‌ခေါ်တယ်‌‌အဲလို‌တောက်‌ ခေါက်‌တဲ့သစ်‌ဝါးဆိုရင်‌‌လေ။ဘယ်‌‌နေရာမှာသုံးမိမှန်‌း မသိ‌တော့ဘယ်‌လိုဖယ်‌မလဲ။နေရာသိရင်‌‌တောင်‌ပရိ‌ဘောဂကို ဖျက်‌ဆီးပြီးအသစ်‌လုပ်‌ရမှာ‌နော်‌။   အဲလိုဆိုကုန်‌ကျစားရိတ်‌‌တွေများ‌တော့မယ်‌။အသစ်‌လုပ်‌ရင်‌‌တောင်‌ သစ်‌ဝါးအပိုင်‌းတင်‌မပြီးဘူး ။တိုက်‌‌တွေဆိုရင်‌ ပန်‌းရံကိစ္စ‌တွေဒက်‌ခ‌ရေးရှင်‌းအပိုင်‌း‌တွေထိပြန်‌ကုန်‌ရ‌တော့မယ်‌သစ်‌‌ခြောက်‌ကိုနိုင်‌တာအခုပုံပါ သစ်‌မင်‌းပါပဲ။ တောက်‌‌ခေါက်‌သံကြားရတဲ့‌ နေရာမှာသစ်‌မင်‌းကိုသပ်‌သ‌ဘောမျိုး ရိုက်‌လိုက်‌ရင်‌ ပြီးပါတယ်‌။ အကယ်‌လို့ိ ‌သေချာချင်‌ရင်‌ ‌တောက်‌‌ ခေါက်‌သံကြားကြား မကြားကြား အိမ်‌ရဲ့ […]

  • မြန်မာရာဇဝင်ထဲက ကိုးသင်္ချိုင်းဓါး အကြောင်း

    မြန်မာရာဇဝင်ထဲက ကိုးသင်္ချိုင်းဓါး အကြောင်း

    မြန်မာရာဇဝင်ထဲက ကိုးသင်္ချိုင်းဓါး အကြောင်း ကနောင်မင်းသားကြီးသည် တုတ်ပြီး၊ ဓားပြီး သေနတ်ပြီးတယ်လို့ ဖတ်ရှုသိရှိရသည်။ကနောင်မင်းသားကြီးကို မြင်ကွန်း၊ မြင်းခုံတိုင်က ကိုးသချႋုင်းဓားအစီအရင်နဲ့ လုပ်ကြံ သတ်ဖြတ်လို့ သေရတယ်တဲ့။ဒါ့ကြောင့် ကိုးင်္သချိုင်းဓားအကြောင်းကို အနည်းငယ် မျှဝေချင်ပါသည်။ ကိုးသင်္ချိုင်းးဓားသည် အမည်နှင့်လိုက်အောင်ပင် သင်္ချိုင်းကိုးခု၏ ခေါင်းတလားမှသံများကိုစုပေါင်း၍ သံရည်ကျိုပြီး သွန်းလုပ်ရသည်။သံရည်ကျိုပြီးသောအခါ စနေသားပန်းပဲဆရာမှက ဓားပုံလောင်းရသည်။(အများအားဖြင့် စနေနေ့တွင်ဓားကိုပုံလောင်းကျသည်။)ဓားကိုပုံချောအဖြစ်ရအောင်ယူပြီး ဓားဆေးသောအခါ သင်္ချိုင်းး၌ဆေးရသည်။ ဓားမဆေးမှီ ၇ ရက်တိုင်တိုင် သက် ဆိုင်ရာပုဂ္ဂိုလ်တို့ကိုပင့်ဖိတ်ပြီးသက်ဆိုင်ရာဂါထာမန္တာန်တို့ကို ၇ ရက်တိတိရွတ်ဖတ်ရသည်။ဓားဆေးသောအခါ ရေဖြင့်မဆေးရပဲ အစိမ်းသေသွေးဖြင့်သာဆေးရသည်။အကယ်၍ အစိမ်းသေမှရသောသွေးမများပါက ၎င်းသွေးအနည်းအငယ်သာယူပြီး အခြားကျွဲ၊နွားသွေးများရောနှောကာဆေးရသည်။ ဓားဆေးပြီးသောအခါ စနေသမီးအုံးသော ခေါင်းအုံးအောက်၌ ၇ ရက်ပြည့်အောင်ထားရသည်။ထိုသို့ပြီးသည်နှင့် ဘုန်းတော်ကြီးကျောင်းတွင် ဘုန်းတော်ကြီးများ ကမ္မဝါဖတ်နေချိန်၌ဘုန်းတော်ကြီးများမသိအောင် ကျောင်းနှင့်မနီးမဝေး ကမ္မဝါဖတ်သံကြားရသောနေရာ၌ ထားရသည်။ပြီးလျှင် မြို့တော်ရှင်ဟုလူအသိများသော ကိုးမြို့ရှင်နတ်ကွန်းတွင် ဓားကို ၉ […]

  • ဦးဖိုးအေးတို့ မိသားစု သင်္ချိုင်းထဲ မှာ ပေါက်တဲ့ မျှစ်ကို ချိုးယူပြီး စားလိုက်မိကြသောအခါ

    ဦးဖိုးအေးတို့ မိသားစု သင်္ချိုင်းထဲ မှာ ပေါက်တဲ့ မျှစ်ကို ချိုးယူပြီး စားလိုက်မိကြသောအခါ

    ဦးဖိုးအေးတို့ မိသားစု သင်္ချိုင်းထဲ မှာ ပေါက်တဲ့ မျှစ်ကို ချိုးယူပြီး စားလိုက်မိကြသောအခါ *သင်္ချိုင်း ဆိုသည်မှာ* လူတစ်ယောက်က မေးတယ်… “ကိုဖိုးအေး ခင်ဗျား သင်္ချိုင်းထဲက မျှစ်တွေ ယူစားနေတာ မရွှံဘူးလား…? ဖြေ။”ဘာရွှံမလဲကွ လူသေကောင်က ထွက်တဲ့မျှစ်မှ မဟုတ်တာ မြေကြီးထဲက ထွက်တဲ့မျှစ်ပဲ ဘာရွှံစရာရှိ လဲ။သင်္ချိုင်းဆို တာလဲ မြေကြီးပါပဲကွာ လူ တွေသမုတ်ထားလို့သာ သင်္ချိုင်းဖြစ်နေတာပါ ငါဆို ဒီသင်္ချိုင်းက ထွက်တဲ့မျှစ်တွေ စားလာတာ ကြာပါပြီ။ ကြည့်စမ်း ငါ့သားသမီးတွေ ဘယ်လောက်ချောလဲ။ ကျန်းမာရေး ဘယ်လောက်ကောင်းလဲ။ဖျားနာနေတာ မင်းတို့မြင်ဘူးလာ။ ဉာဏ်ရည်ဆို တာ လည်း ငါ့သားသမီးတွေ ကျူရှင်တောင်မယူနိုင်ဘူး။ ရွာကနေ ကျပ်ပြင်ကျောင်းသွားတတ်နေရတာ။ မင်းတို့စဉ်းစားကြည့် မြတ်စွာဘုရားတောင်မှ သုသာန်တစ်စ သင်္ချိုင်းဝက လူသေလွှမ်းတဲ့အဝတ်တွေ ကောက်ယူတော်မူပြီး […]

  • သူတောင်းစားက ပေးသည့်သင်ခန်းစာ (အရမ်းကောင်းလို့ဖတ်ပါ)

    သူတောင်းစားက ပေးသည့်သင်ခန်းစာ (အရမ်းကောင်းလို့ဖတ်ပါ)

    သူတောင်းစားက ပေးသည့်သင်ခန်းစာ (အရမ်းကောင်းလို့ဖတ်ပါ) “ညီလေးရယ်… သနားပါကွယ်။ နည်းနည်းလောက်သနားခဲ့ပါ” ကျွန်တော်လည်းပျင်းပျင်းနဲ့ အိပ်ကပ်ထဲကအကြွေစေ့တစ်စေ့ ထုတ်ပေးလိုက်တယ်။ ပြီးတော့သူနဲ့စကားပြောဖြစ်သွားတယ်။ အဲဒီသူတောင်းစားက အရမ်းစကားပြောလို့ကောင်းတယ်။“ကျွန်တော်ကဒီဘက်တစ်ကြောမှာပဲ တောင်းဖြစ်တယ်သိလား။ ခင်ဗျားကိုကျွန်တော် အစောတည်းကတွေ့တယ်။ ဒီShopping Mallမှာ Levi’sဝယ်တည်းက ပိုက်ဆံမနှမျောဘူးဆိုတာ ကျွန်တော်သိတယ်” ကျွန်တော်အရမ်းအံ့သြသွားပြီးပြောမိတယ် ခင်ဗျားနားလည်တာများသားပဲ။ “သူတောင်းစားလုပ်တယ်ဆိုတာလဲ၊ သိပ္ပံနည်းကျလုပ်ရတယ်ဗျ” လို့သူကပြောတယ်။ကျွန်တော်ကြောင်သွားတယ်။ စိတ်ဝင်စားသွားပြီးသူ့ကို ဘယ်လိုသိပ္ပံနည်းကျလဲဗျ၊ လုပ်စမ်းပါဦးလို့မေးလိုက်တယ်။သူကကျွန်တော့်မှာတစ်ခြား သူတောင်းစားနဲ့မတူတဲ့ အချက်ဘာတွေရှိလဲ ခင်ဗျားအရင်ကြည့်ပါဦးလို့ပြန်ပြောတယ်။ ကျွန်တော်သူ့ကိုစေ့စေ့စပ်စပ် အကဲခတ်လိုက်တယ်။ ဆံပင်တွေရှုပ်ပွနေတယ်၊ အင်္ကျီအဝတ်အစားတွေ စုတ်ပြတ်နေတယ်။အရမ်းပိန်တယ်။ ဒါပေမယ့်ပေရေမနေကြဘူး။ သူကကျွန်တော့်အတွေးတွေကို စကားသံနဲ့ဖြတ်လိုက်တယ်။ “လူတွေကသူတောင်းစားဆို ရွံကြတယ်ဗျ။ဒါပေမယ့်ခင်ဗျားကျွန်တော့်ကို မရွံဘူးဆိုတာ ကျွန်တော်ပြောရဲတယ်။ အဲဒါကကျွန်တော် တစ်ခြားသူတောင်းစားတွေနဲ့ မတူတဲ့အချက်ပဲ” ကျွန်တော်ခေါင်းငြိမ့်ဝန်ခံလိုက်တယ်။ အဟုတ်ကိုရွံစရာမကောင်းပါဘူး။ မဟုတ်ရင်ကျွန်တော် ဘယ်လိုလုပ်သူတောင်းစားတစ်ယောက်နဲ့ စကားလက်ဆုံကျနေပါ့မလဲ။”ကျွန်တော် SWOT (Strengths, Weaknesses, Opportunities […]

  • စက်ရေတွင်း မတူးမှီ ရေတိမ် ရေနက်၊ ကျောက်ဆောင်ရှိ-မရှိ ခန့်မှန်းနည်း

    စက်ရေတွင်း မတူးမှီ ရေတိမ် ရေနက်၊ ကျောက်ဆောင်ရှိ-မရှိ ခန့်မှန်းနည်း

    စက်ရေတွင်း မတူးမှီ ရေတိမ် ရေနက်၊ ကျောက်ဆောင်ရှိ-မရှိ ခန့်မှန်းနည်း လိုအပ်တဲ့ သူတွေ အသေအချာမှတ်သားထားကြပါနော်။ စေတနာနဲ့ပါ။ စက်ရေတွင်းတူးက မှတ်ထားကြ။စက်ရေတွင်းတူရာ၌ ရေ ရှိ-မရှိ၊ ရေနည်း-ရေများ ခန့်မှန်သိရှိနိုင်ပုံလေးကို ဗဟုသုတအနေဖြင့် မျှဝေပေးပါမည်။ ရေရှိ / မရှိ ၁။ အရွက်အမြဲတမ်း ရှိနေတတ်သော အုန်းနှဲပင်၊ မယ်ဇလီပင်၊ မြက် စသည့်အပင်များ စိုစိုပြေပြေ လန်းလန်းဆန်းဆန်း ရှိနေပါကထိုနေရာတွင် ရေရှိသည်ဟု မှတ်ယူနိုင်၍ ဖော်ပြပါ လက္ခဏာများနှင့် ဆန့်ကျင်နေပါက ရေမရှိဟု ခန့်မှန်း သိနိုင်ပါသည်။ ရေချို / ရေငန် ၂။ အနီးအနားတွင်ရှိသော သစ်ပင်တို့သည် အပင်အမျိုးအစားခြင်း တူပါလျက် အခြားနေရာရှိ သစ်ပင်မှ အရွက်တို့ထက် အနာအဆာများ၍ အစိုဓာတ်ခြောက်ခန်းလျင် ရေငန်ဟု ခန့်မှန်းနိုင်ပြီး သစ်ပင်မှ […]

  • လူငယ်ဘဝအတွင်း အကောင်းဆုံး ငွေရှာနည်း၊ငွေစုနည်း

    လူငယ်ဘဝအတွင်း အကောင်းဆုံး ငွေရှာနည်း၊ငွေစုနည်း

    ငွေစုရတာဟာငွေရှာရတာထက် ပိုခက်ပါတယ်… ငွေစုရတာဟာ ပညာပါပဲ။မိမိငွေကို သူများလက်ထဲဘယ်တော့မှ မထားပါနဲ့ ။ချမ်းသာချင်ရင် စုဗူးနဲ့စုပါ။သောကရောက်ချင်ရင် “ စုမဲ “ စုပါ။ စားသမျှချီးဖြစ်တယ်ဆိုတာ မမေ့ပါနဲ့ ။လူတန်းစေ့မနေနိုင်ခင် လူတန်းစေ့ မစားချင်ပါနဲ့ ။အဟာရဖြစ်အောင် ကျန်းမာအောင်ပဲစားပါ။ထမင်းနှပ်မှန်အောင် စားရဖို့ ကြိုးစားနေတဲ့အချိန် အကောင်းဆုံး အလှကုန်တွေ သုံးဖို့ မစဉ်းစားပါနဲ့။ လူတစ်ယောက် အသက်ရှင်ဖို့အရေးကြီးဆုံး လိုအပ်ချက်ထဲမှာ ( စား ၊ ဝတ် ၊ နေ )ရေးပဲပါပါတယ်။ မအောင်မြင်ခင် မလှချင်ပါနဲ့အုံး။ အောင်မြင်လာရင် လှလာပါလိမ့်မယ်။( မယုံရင် ယနေ့အောင်မြင်လာသူတွေရဲ့ အရင်ရုပ်ကို ပြန်လေ့လာကြည့်ပါ) အိပ်တယ် ဆိုတာ သေခြင်းတစ်မျိုးပါပဲ။အသက် (၆၀) မှာ သေသွားရင် သင်တကယ် အသက်ရှင်တာအသက် (၄၀) ပဲရှိပါတယ်။သင့်အသက်ရှင်တဲ့အချိန်ရဲ့ (၃) ပုံ […]

  • ဝတ်သားတုတ်ထိုး၊ အကင် ကြိုက်သူတွေ ဖတ်ဖြစ်အောင်ဖတ်ပါ

    ဝတ်သားတုတ်ထိုး၊ အကင် ကြိုက်သူတွေ ဖတ်ဖြစ်အောင်ဖတ်ပါ

    ဝတ်သားတုတ်ထိုး၊ အကင် ကြိုက်သူတွေ ဖတ်ဖြစ်အောင်ဖတ်ပါ ဆရာဝန်ညီလေးတစ်ယောက်ရဲ့ဆေးခန်းကိုလာပြတာ အသက် ၂၀ ကျော်ကောင်ကလေး၊ သူ့စအိုကနေ ( intestinal fluke လို့ခေါ်တဲ့ )အကောင်အရှင်လေးတွေ ထွက်ထွက်နေတာ ပေါ်လိုက်ပျောက်လိုက်နဲ့ ၃-၄ နှစ်လောက်ရှိပြီတဲ့…။ သတိထားမိတာတော့ အဲဒီမတိုင်ခင် ဝက်သားတုတ်ထိုးတွေ အတော်စားဖြစ်တယ်လို့ပြောတယ်။အဲဒီအကောင်လေးတွေသာ အသည်းထဲမှာတွယ်ကပ်မိရင် အတော်ကို ဆိုးဆိုးရွားရွား ဒုက္ခပေးတော့မှာ။ ဒီလပိုင်း/နှစ်ပိုင်းတွေမှာ ဆေးရုံမှာလည်းမကြာခဏတွေ့လာရတာတွေက အသက် ၃၀ ဝန်းကျင်လူနာတွေ အစာအိမ်ကင်ဆာ အူမကြီးကင်ဆာတွေနဲ့၊ တစ်ချို့ဆိုရင် ခွဲလို့မရနိုင်တော့တဲ့အခြေအနေမို့ အသက် ၃၀ ကျော်လေးမှာပဲ သေမင်းရက်ချိန်းကို ထိုင်စောင့်နေရတဲ့ဘဝတွေကိုဖြစ်လို့။ အဲဒီလိုလူနာတွေကို တွေ့ရ မြင်ရ ကြားရတိုင်း လမ်းဘေးမှာ မကျက်တကျက်ပြုတ်တွေထိုင်စားနေတဲ့ တုတ်ထိုးဆိုင်တွေ ၊ မကျက်တကျက်ကင်တဲ့အပြင် မီးခိုးငွေ့တွေ ညှော်ငွေ့တွေပါရိုက်ထားတဲ့ အကင်ဆိုင်တွေနဲ့ တစ်ခါတလေ ခေါင်းထဲ ဗိုက်ထဲက […]